ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၀
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို စာအုပ်၊စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးနိုင်လင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြသထားသော ပြည်ထောင်စုစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာပုံအကြောင်း အထိမ်းအမှတ် နံရံကပ်စာစောင်တွင် ၂၀၂၂ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသူများ၊ ကဗျာများ၊ ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးများနှင့် သုတ၊ ရသစာအုပ်များ နံရံကပ်စာစောင်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာကြည့်ရှု ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့(အကြို) စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ (၂၂)ရက်နေ့အထိ (၃)ရက်ကြာပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)