ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်ခန်းမ‌ဆောင်တွင် စာအုပ်စာစောင်ပြပွဲပြုလုပ်

ရွှေသောင်ယံ  ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီခွဲက စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရာ အ-ထ-က(ရွှေသောင်ယံ)ရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ လာရောက်ကြည့်ရှု ငှါးရမ်းခဲ့ကြသည်။ ထိုစာအုပ်၊ စာစောင်ပြပွဲတွင် သုတ၊ ရသစာအုပ်များ ပုံပြင်၊ ဝတ္ထု၊ ကဗျာ၊ မဂ္ဂဇင်း၊ ရုပ်ပြစသည်ဖြင့် စာအုပ်၊ စာစောင်မျိုးစုံပါဝင်သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ပြန်/ဆက်ဦးစီးမှူးမှရုံးတွင် စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ ကျောင်းအားလပ်ရက်များတွင်လည်း မိမိတို့ရုံး၌ စာအုပ်များ လာရောက်ဖတ်ရှုကြရန် တိုက်တွန်းနှိုးဆော်ပေးခဲ့သည်။

ထို့နောက် လာ‌ရောက်ကြည့်ရှုကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများမှ မိမိတို့နှစ်သက်ရာ စာအုပ်၊ စာစောင်များအား ငှားရမ်းဖတ်ရှုခဲ့ကြောင်းသိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)