နတ်မောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ် တွင် အသိပညာပေး စာစောင်များ ပြသခြင်းကို လစဉ်အသစ် လဲလည်ပြသ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အချက်အလက်များ၊ အိုမီခရွန်၏ ထူးခြားချက်များဖြစ်သည့် ရောဂါကူးစက် မြန်ဆန်ခြင်း၊ ကိုဗစ်ရောဂါ ကူးစက်ခံရသူများကို ပြန်လည်ကူးစက်နိုင်ခြင်း၊ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ရောဂါများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါပိုစတာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏မူဝါဒများ၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ သိကောင်းစရာများစသည့် အသိပညာပေး အကြောင်းအရာများအား ပြသဆောင်ရွက်ခဲ့ရာ လမ်းသွား လမ်းလာပြည်သူများနှင့် စာဖတ်စာငှားလာရောက်သူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ်