ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်ဦး၊ သရက်ခရိုင် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) မှဦးစီးအရာရှိဦးလှအောင်နှင့် တာဝန်ရှိသူ များသည် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ငန်းပြားကျေးရွာအုပ်စု၊ ထူးပေါက်ကျေး ရွာသို့ရောက်ရှိ၍ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် အဆိုပါအဖွဲ့သည် ဦးစွာပထမ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေပြင်အခြေအနေအား မေးမြန်းခဲ့ကာ မြစ်ရေတင်စီမံ ကိန်းဆောင်ရွက်ရန်ဖြစ်နိုင်ခြေရှိ သည့်နေရာများအားသွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့်အချက် အလက်များအား မှတ်သားခဲ့၍ စီမံကိန်းအမြန်ဆုံးရရှိရေးအတွက် အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေး သွားမည်ဖြစ်ကြောင်း ခရိုင်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန (ရေအရင်းအမြစ်)ထံမှ သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)