ညောင်တုန်းမြို့နယ်တွင် လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ညောင်တုန်း   ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင်ပြသထားသော မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လျှပ်စစ် အန္တရာယ်နှင့်လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေး နံရံကပ်စာစောင်များပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့်   လျှပ်စစ်အန္တရာယ်သတိပြုရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များစသည့် အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)