ခန္တီး သြဂုတ် ၂၆
သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှ ယာယီ ရပ်နားထားသည့် ခန္တီးမြို့-မုံရွာ အမြန်ရေယာဉ်လိုင်းများကို သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ခန္တီးမြို့ရှိ ဇွဲထက်နိုင်+ရွှေလမ်းသစ် အမြန်ရေယာဉ် ဂိတ်မှူး၏ ပြောပြချက်အရ သိရသည်။
ချင်းတွင်းမြစ်ရေသည် သြဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီသီး၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့သဖြင့် အမြန်ရေယာဉ်လိုင်းများ ယာယီ ရပ်နားခြင်းဖြစ်ပြီး မြစ်ရေပြန်ကျလာတာနှင့်အမျှ အမြန်ရေယာဉ်လိုင်းများလည်း ပြန်လည် ပြေးဆွဲခွင့် ပြုခြင်းဖြစ်ရာ ခန္တီး-ဟုမ္မလင်းလိုင်းကို သြဂုတ်လ ၂၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပြီး ခန္တီး-မုံရွာလိုင်းကိုတော့ သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း သိရသည်။
ခန္တီး-မုံရွာအမြန်ရေယာဉ်လိုင်း တစ်ပတ်ကြာ ယာယီရပ်နားခြင်းကြောင့် ခန္တီးမြို့တွင် မုံရွာမှ တစ်ဆင့် ဝယ်ယူရသည့် ကုန်းစိမ်းများမှာ အနည်းငယ်မြင့်တက်ခဲ့ကြောင်း ခန္တီးမြို့ မင်္ဂလာဈေးရှိ ကုန်စိမ်း ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အမ်းအင်းလမ်း (ပြန် /ဆက်)