ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင်အားကစားဆိုင်ရာ လှုပ်ရှားမှု ပြိုင်ပွဲများကျင်းပ

ပွင့်ဖြူ      ဇန်နဝါရီ     ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု‌ သောအားဖြင့်ဇန်နဝါရီ၂၀ရက် ယနေ့ နံနက် ၉ နာရီက ကလေးငယ်များ အတွက်ပျော်ရွှင်စရာ  အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများကို ပညာရေးဌာန၊ ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့နှင့်ပူးပေါင်း၍ကိုဗစ်-‌၁၉‌ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်    အညီကျင်းပပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။           

ရှေးဦးစွာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  မြို့နယ်ဦးစီးအရာရှိဒေါ်ခင်ဝါဝါလှိုင်က ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအား ကောင်း စေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီး မှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့စာကြည့် တိုက်အား အများပြည် သူဝင်ထွက်သွား လာနိုင်သည့်နေရာ၊ပညာဗဟု  သုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်းပြောကြားသည်။

အဆိုပါ အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင်  အင်္ကျီဝတ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများ တွင်ကလေး ငယ်(၁၂)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ခင်ဝါဝါလှိုင် ( ပြန်/ဆက် )