(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြို ဆိုဂုဏ်ပြုသောအားဖြင့် ဆင်ပေါင်ဝဲမြို့၌ အသိပညာ ပေးဟောပြောပွဲကျင်းပ

ဆင်ပေါင်ဝဲ  ဇန်နဝါရီ   ၂၀

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံ ပညာရေးဦးစီး ဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ ပညာပေးဟော ပြောပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးနိုင်လင်းက ကျောင်းသား၊ ကျောင်းသူများ၏ နှလုံးသားထဲတွင်ပြည်ထောင် စုနေ့သည် မမေ့မလျော့အပ်သောနေ့ထူးနေ့မြတ်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပင်လုံစာချုပ်နှင့် ပတ်သက်သည့် အကြောင်းများကို အသိပေးဟောပြောပြီးကျောင်းသား၊ ကျောင်းသူ များကသိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

မြို့နယ်/ပြန်ဆက်