ဝက်လက် ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ မြို့မစည်ပင်သာယာ စျေးအတွင်း၌ ယမန်နေ့ ညနေ ၃ နာရီ အချိန်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်း နှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် ကြကြောင်း သိရသည်။
ရှေးဦးစွာ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များကို စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့် စျေးသူ၊ စျေးသားများ သိရှိစေရန် အသေးစိတ် အသိပညာပေး ဆွေးနွေးပြီး၊ အရေးပေါ် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာသည့်အခါ မီးငြှိမ်းသတ် ကရိယာအမျိုးမျိုး၊ မီးသတ် ဆေးဗူး လက်တွေ့ အသုံးပြုခြင်းတို့ကို စနစ်တကျ မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဇတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇတ်တိုက် လေ့ကျင့် ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးကဲများ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)