ပုလောမြို့နယ်၌ ဆောင်းရာသီအားကစားသင်တန်းဆင်းပွဲ ပြုလုပ်

ပုလော   ဇန်နဝါရီလ    ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော  ၂၀၂၂ ခုနှစ် ဆောင်းရာသီ အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ယမန်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခင်မောင်စိုးက လူငယ်၊ မောင်မယ် များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ သုံးချသည့်အနေဖြင့် ဆောင်းရာသီ အားကစားသင်တန်းကို တက်ရောက် သင်ကြားသည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားကစားပြုလုပ်ခြင်းသည် လူသားတိုင်းအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်သောကြောင့် အနာဂတ်သားကောင်းများအနေဖြင့်  ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အထောက်အကူတစ်ခု ဖြစ်မည်ဖြစ်သောကြောင့် အဆိုပါသင်တန်းမှ ရလာဒ်ကောင်းများကို နောင်တွင် အကျိုး ဖြစ်ထွန်းစေရန်အတွက် ဆက်လက် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဆောင်းရာသီအားကစားသင်တန်းကို အောက်တိုဘာလ ၁၈ ရက်နေ့မှ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားခဲ့ပြီး၊ ဘောလုံးသင်တန်းတွင် သင်တန်းသား ၄၀ ဦး၊ Fitness Dance တွင် သင်တန်းသူ ၃၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသူ/သားများကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခင်မောင်စိုးက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)