ရေကြည် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖလား တိုက်နယ်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်နယ်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားသမားများက သစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုကာ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ရာ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက လက်ခံရယူခဲ့ ကြောင်းသိရသည်။
အဆိုပါ အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အုပ်စု(၁၂)အုပ်စုတွင် ယှဉ်ပြိုင်သည့် အသင်းသား(၂၁၆)ဦးရှိပြီး ယနေ့ဖွင့်ပွဲတွင် အသုတ်တိုက်နယ်အသင်းနှင့် သင်္ဃန်းဒေါင့်တိုက်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် ပရိတ်သတ်များက အားပေးခဲ့ကြပြီး အဆိုပါဘောလုံးပြိုင်ပွဲကို (၂၀-၁-၂၀၂၂) ရက်နေ့မှ (၁၂-၂-၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)