မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲပြုလုပ်

မြင်းမူ  ဇန်နဝါရီလ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဇန်နဝါရီလ(၂၀)ရက်က (၇၅)နှစ်မြောက် စိန်ရတုပြည်တောင်စုနေ့အကြို စာဖတ်ဝိုင်းနှင့် စာအုပ်ပြ ပွဲပြုလုပ်ခဲ့သည်။     

ရှေးဦးစွာ  မြို့နယ်ပြန်ဆက်ဦးစီးဌာန   ဦးစီးအရာရှိ (တာဝန်ပေး)   ဦးနေလင်းအောင်ကစုပေါင်း စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ရခြင်းနှင့်  စာအုပ်ပြပွဲများပြုလုပ်ပေးရခြင်း၏    ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် စာပေဝါသနာရှင်များက  မိမိတို့ဖတ်ရှုထားရှိသည် စာအုပ်များအလိုက် ရရှိသည့်မှတ်သားစရာများကို စာပေဖတ်ရှုသူအချင်းချင်း  ဆွေးနွေးမျှဝေပေးခဲ့ ကြသည်။  ယင်းနောက် မိမိတို့ဖတ်ရှုလိုသည့်စာအုပ်များကို ဘာသာရပ်အလိုက်ကြည့်ရှုလေ့လာကာ (စာအုပ်အမည်း) ဖတ်ရှုနိုင်ရန်အတွက်စာကြည့်တိုက်အတွင်း ခင်းကျင်းပြသားထားသည့်  စာအုပ်(၉၀) ကျော်ကို  စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့သည်။

မြင်းမူမြို့နယ်ပြည်သူ့စာကြည့်တိုက်သည် စာဖတ်သူတိုးပွားရေးအတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များ၊ ပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ( မြင်းမူ)