ဟိုင်းကြီးကျွန်းမြို့၌ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပါရဂူဆရာဝန်များဦးဆောင်၍ ပရဟိတအလှူအဖြစ် ဆေးကုသပေးခြင်းများဆောင်ရွက်

ဟိုင်းကြီးကျွန်း  ဇန်နဝါရီ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူ ဆရာဝန်များ ဦးဆောင်၍ ယမန်နေ့နေ့လယ်ပိုင်းက ပရဟိတအလှူအဖြစ် ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ပရဟိတအလှူအဖြစ် ဆေးကုသရေးအဖွဲ့သည် အမှတ်(၁)ရပ်ကွက်၊ အနှိုင်းမဲ့ဆည်းဆာ ကူညီမှုအသင်း၏ (၁၃၀)ကြိမ်မြောက်အဖြစ် ကျေးရွာနေမိဘပြည်သူ (၄၅)ဦးအား ဆေးဝါးကု သစောင့်ရှောက်ပေးခြင်းနှင့် ပြည်သူများ ကျန်းမာပျော်ရွှင်စေရန်ရည်ရွယ်၍ စေတနာ၊ ကရုဏာ အပြည့်နှင့် ဆေးကုသဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

နွေးနွေးအောင်ကြွယ်