ငရုတ်ကောင်းမြို့ မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ သက္ကယ်ကွင်းကျေးရွာ ချင်းဆက်တံတားကြမ်းခင်းပျက်စီးမှုအား ပြန်လည်ပြုပြင်ဆောင်ရွက်

ငရုတ်ကောင်း   ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ သက္ကယ်ကွင်း ကျေးရွာချင်းဆက်တံတား ကြမ်းခင်းပျက်စီးနေ မှုအားယမန်နေ့က တာဝန်ရှိသူများက ပြန်လည်ပြုပြင်ဆောင်ရွက်ကြကြောင်းသိရသည်။

၎င်းသက္ကယ်ကွင်းတံတားသည် အရှည်(64m)၊ အကျယ်(4.57m)ရှိပြီး ကျေးရွာချင်းဆက် အဓိကအရေးပါသော တံတားဖြစ်သည့်အတွက် တံတား၏ကြမ်းခင်းများ ပျက်စီးယိုယွင်းခြင်းကြောင့် ကုန်တင်ယာဉ်ထော်လာဂျီများ သွားလာဖြတ်သန်းခြင်း ခက်ခဲနေမှုအခြေအနေများကို ငရုတ်ကောင်းမြို့ လမ်းဦးစီးဌာန၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများနှင့် ဒေသခံစေတနာရှင် အလှူရှင်များမှ ဝိုင်းဝန်းပြုပြင် ဆောင်ရွက်ခဲ့ကြရာ ဒေသထွက်ကုန်ငါး၊ ငပိနှင့်အခြားသော ထုတ်ကုန်အသီးသီးများ တင်ဆောင်သောကား၊ ထော်လာဂျီယာဉ်များ ပုံမှန်ပြန် လည်သွားလာလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)