ကဝ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၀:၀၀)နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်း သိကောင်းစရာများ၊ ရောဂါလက္ခဏာများ၊ ထူးခြားချက်များ၊ မိမိကိုယ်ကိုကာကွယ် ရမည့် အချက်များကို ဆွေးနွေးပြီး အငယ်တန်းစာရေး ဒေါ်ချိုချိုစန်းလွင်က ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)