ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးပွဲကျင်းပ

ရွှေကျင် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသား‌အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးပွဲနှင့် ရပ်ရွာ အ‌ခြေပြုအသက် မွေးဝမ်းကြောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ရွှေကျင်မြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ် အုပ်ချုပ်ချုပ်ရေးမှူးဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပေးပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများနှင့် နိုင်ငံသားအခွင့်အရေးများအကြောင်း၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒတို့နှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့က တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကြောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းများကို အုပ်စုဖွဲ့၍ ကောက်ယူခြင်းများ ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ တိုင်ရင်းသားအခွင့်အရေးများ ကာကွယ်‌စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံ ကရင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)