မင်းဘူး ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ၂၂-၈-၂၀၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် လေဘေးသင့်အိမ်ခြေ တစ်လုံး၊ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် တစ်သိန်း၊ လူဉီးရေ(၄)ဉီး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ်(၄၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ ပေးအပ် ငွေ(၁၀၈ ၄၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူ များထံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)