ကျောင်းကုန်း ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် တွင်စာပေချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော အကြံကောင်းသော ကြက်မခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလတွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သည့် စာဖတ်ပရိတ်သတ်များ အတွက် စာပေဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ ကျောင်းကုန်းမြို့နယ်ရုံးရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ/ရသစာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်းအစီအစဉ်များကို ရိုက်ကူးလျက် ကျောင်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှ တဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)