ပေါင်းတည် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် ဘွဲ့ပင်ကန်၊ ပျဉ်းပင်ကန်၊ အုတ်ဖို(၁)နှင့် အုတ်ဖို(၂) ရပ်ကွက် အတွင်းရှိ အသက်(၁၈)နှစ်အထက် ပထမအကြိမ် ပြည်သူ(၂၂)ဦးနှင့် ဒုတိယအကြိမ် (၇၃)ဦးတို့ အား (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)