ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရေဖြူ  ဇန်နဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သု့ ဆက်ဆံရေး ဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ (၁၀)နာရီအချိန်က စိုးစိုး(အင်္ဂပူ)ရေးသားသည့် စတီဖင်ဟော့ကင်း (သို့မဟုတ်) အတွေးအခေါ်ရဲရင်သူတစ်ဦး၏ အတ္ထုပ္ပတ္တိစာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုး‌ကျေးဇူးကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူ( Book Club)အဖွဲ့ဝင်များမှစာအုပ်၏ အနှစ်ရသာများနှင့် လေ့လာမှတ်သား စရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခြင်းသည် စာရေးဆရာများ၏ အတွေ့ အကြုံများ၊ လက်တွေ့အသုံးချပညာရပ်များနှင့် အသိပညာ ဖွံဖြိုး တိုးတက်မှု တို့ကို လူငယ်/လူရွယ်များသို့ ပညာချပြဆွေးနွေးခြင်းဖြစ်ပြီး စာဖတ်ခြင်း အကျိုးကျေးဇူး အများအပြားရရှိ၍ စာဖတ်နှုန်း တိုးစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

ခတ္တာ