ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်

ဒိုက်ဦး ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများ ဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။ 

ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉  ရောဂါ ဗီဇပြောင်းအိုမီခရွန် ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက် များအားလိုက်နာရန်၊  ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ်များတွင်နေထိုင်ရန်၊​နေအိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask) ကိုစနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်းသွားလာခြင်းကို ရှောင်ကြပါ။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေကွာ၍ နေထိုင်ရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်းလက်ကို စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးရန် စသည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြောင်းသိရသည်။ 

မြို့နယ်(ပြန်/ဆက်)