ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ

ဝါးခယ်မ   ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနCommunity Centreခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီအချိန်က Youth Club အဖွဲ့နှင့် စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသော လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်အားစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်က စာ‌ဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)  ရေးသားသော လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်မှ စာဖတ်ခြင်းအတတ်ပညာ၊ စကားအန္တရာယ်၊ အမူအကျင့်ဆိုးများ၊ လူငယ်နှင့် အပေါင်းအသင်းခေါင်းစဉ်များအား ဖတ်ကြားပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)