ကြံခင်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများကယနေ့နံနက်(၁၀)နာရီအချိန်ကMobile libraryစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့စာအုပ်စာစောင်များအားကွင်းဆင်းငှားရမ်းပေးခြင်းကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဌားရမ်းပေးရာတွင်စာပေလေ့လာဖတ်ရှု့သူစာဖတ်ပရိသတ်များလက်ဝယ်အရောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက သုတ ၊ရသ ၊အပျော်ဖတ်မဂ္ဂဇင်း၊ဝထ္ထူ၊ကာတွန်းစာအုပ်မျိုးစုံကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မြို့နယ်တရားရုံးနှင့်မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနရှိဝန်ထံများထံသို့ Mobile libraryစနစ်ဖြင့်သွားရောက်ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါစာအုပ် စာစောင်ကို(၇)ရက်ကြာဌားရမ်းပေးထားမှာဖြစ်ပြီး၊ (၇)ရက်ကြာလျှင်ထပ်မံပြီးအသစ်လဲလှယ်ဌားရမ်းပေးသွားမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်အသင်းဝင်ကတ်ပြားများအားတပါတည်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းတာဝန်ရှိသူထံကသိရသည်။
မိုးမိုး