မြို့သစ် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူ့နီတိ အခြေခံသိစရာများစာအုပ်ဖြင့် စာအုပ်မိတ်ဆက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင် မိတ်ဆက်ကဏ္ဍတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ဝင်းအိဇွန်မှ စာရေးဆရာပီတိ(ပေကြီး)၏ ပြည်သူတွေကို သိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ စာအုပ်အား မိတ်ဆက်ဆောင်ရွက်ခဲ့ပြီး နိုင်ငံသားတိုင်း အနေဖြင့်အခြေခံ လူ့ယဉ်ကျေးမှုဖြစ်သည့် စာရိတ္တ၊ ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုများကို ကောင်းစွာလိုက်နာဆောင်ရွက် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ တင်ဆက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက် )