ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာဗဟုသုတများ အထွေထွေဗဟုသုတများ တိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး ကွင်းဆောင်ရွက်ခြင်းများနှင့် Iprd Facebook Page အွန်လိုင်းမှတစ်ဆင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီ အချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းTalk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး မောင်မောင်ရွှေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းဥပဒေများ ဘေးအန္တရာယ် ကင်းစွာ မောင်းနှင်းနိုင်စေရေးအတွက် မှတ်သားဖွယ် သိသင့်သင့်ထိုက်များနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်း သူများ၏ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းများနှင့် ပတ်သက်၍ ရေးဆွဲပြဌာန်းထားသည့် ဥပဒေများ ပြစ်မှုပြစ်ဒဏ်များနှင့် သိသင့် သိထိုက် သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲ အကြောင်းအရာများအား မိဘပြည်သူများအနေဖြင့် လေ့လာ ကြည့်ရှု မှတ်သားနိုင်စေရေး အတွက် Iprd Kyarinn Seikkyi Facebook Page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး