နတ်မောက်မြို့နယ် ထောက်ကြန့်ကုန်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်

နတ်မောက်  ဇန်နဝါရီ   ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မကျီးချိုကျေးရွာအုပ်စု ထောက်ကြန့်ကုန်း ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး အတွက် ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ ဌာနဆိုင်ရာများက မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ရပ်ရွာအေးချမ်း သာယာရေး လုပ်ငန်းများအတွက် လာရောက် ရှင်းလင်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် ဆေးထိုး စုရပ်များတွင် ဆေးထိုးအကြိမ်ရေးပြည့်စွာ ထိုးနှံကြရန်၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျေးရွာရှိဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ကျေးရွာရှိပြည်သူများမှလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သိလိုသည့် အကြောင်းအရာများ ကို မေးမြန်းခဲ့ကြရာ တာဝန်ရှိဌာနဆိုင်ရာများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

လှဝင်း