ကော့သောင်းမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

ကော့သောင်း ဇန်နဝါရီ ၁၉

အားကစားနှင့်ကာယပညာဦးစီးဌနမှ ကြီးမှူးကျင်းပသည့် ကော့သောင်းမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲအား ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အားအစားပြိုင်ပွဲတွင် ကော့သောင်းမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်း(၁၃)ကျောင်းမှ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပေးခုန်ပစ်ပြိုင်ပွဲများအဖြစ် မီတာ (၁၀၀)(၂၀၀)နှင့် (၄၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ အမြင့်ခုန်၊ အဝေးခုန်နှင့် သုံးဆင့်ခုံပြိုင်ပွဲများအား ကျင်ပခဲ့သည်။

ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့နယ် ပညာရေးဌာနတို့မှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)