ဟင်္သာတ ဇန်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က တာကလေးရပ်ကွက် နတ်မော်လမ်းရှိ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်များကျေးရွာအုပ်စုများ အတွင်းနေထိုင်သူ ပြည်သူများကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌဦးဆန်းလွင်၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အားအရှိန် အဟုန်မပျက်ဆောင်ရွက်ပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက်ဦးတည် အုပ်စုများအား ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြောင်းအမျိုးမျိုးကြောင့် မထိုးနှံရသေးသည့် ပြည်သူများအား ပထမ အကြိမ် စတင်ထိုးပေးခဲ့ကြောင်းသိ ရသည်။ ။
အဆိုပါဆေးထိုးနှံရာသို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ၊မြို့နယ် ကျန်းမာရေး ဦးစီးဌာန မှဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လူမူရေး အသင်းအဖွဲ့များက ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက် ကြသူများကို အဆင်ပြေ ချောမွေ့စွာဆေး ထိုးနှံနိုင် ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးများထိုးနှံကကြရန် ရပ်ကွက် ကျေးရွာများ အတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသိရသည်။
ကိုဇော်