ရွှေသောင်ယံ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီက နတ်ရှင်(ရွှေဂူ)ရေးသားသည့်အနာဂတ်ကိုမျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ရာ ရွှေသောင်ယံမြို့ရှိ Book Clubနှင့်Women Clubအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်ဝေဝေမြင့်မှစာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်စာဖတ်ဝိုင်းမှရရှိမည့်အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားသည်။
ထို့နောက်စာဖတ်ဝိုင်းတက်ရောက်လာကြသူများမှ အနာဂတ်ကိုမျှော်တွေးပါခေါင်းစဉ်စာအုပ်ပါ အ ကြောင်းအရာများကိုပြန်လည်ဆွေးနွေးခဲ့ကြရာမိသားစုပရဟိတခေါင်းစဉ်ဖြင့်စာစုကိုလည်း ကောင်း၊ အနာဂတ်ကိုမျှော်တွေးပါခေါင်းစဉ်ဖြင့်စာစုကိုလည်းကောင်း၊ လူငယ်တို့အတွက်ပြင်ပစာသင်ခန်း ခေါင်းစဉ်ဖြင့်စာစုကိုလည်းကောင်း၊စံပြလူသားဖြစ်ဖို့လိုပြီခေါင်းစဉ်ဖြင့်စာစုကိုလည်းကောင်း အသီး သီဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းသို့ စာပေဝါသနာပါသူBook Clubနှင့်Women Clubအဖွဲ့ဝင်များ(၁၀)ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကိုကိုမောင်