ပိုင်ကျုံ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအ တွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်းဆက်လမ်းအား ကျောက်ရော မြေသားလမ်းခင်းခြင်း လုပ်ငန်း ကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်းထိ ဆောင်ရွက် ပြီးစီး နေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် (၁မိုင်x၁၄ပေx၁ပေ) ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (ပထမအကြိမ်) ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှောချရေး ရန်ပုံငွေ(၄.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက ်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး အတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးပါက ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွားရေးလာရေး အတွက် အဆင်ပြေ လွယ်ကူ လာမည် ဖြစ်ကြောင်း သိရှိရပါသည်။
ပိုင်ကျုံ (ပြန်/ဆက်)