အင်္ဂပူ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကညွှတ်ကွင်းအုပ်စုဘဲပြာကျေးရွာ ကျေးလက်ဆေးပေးခန်းဆေးထိုးစုရပ်တွင် ကျေးရွာအုပ်စုများမှအသက်(၁၈) နှစ်အထက်ပြည်သူများအား Phase-6 ( ပထမ အကြိမ် ) ကိုဗစ်-၁၉ ကာကွယ်ဆေးကိုယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင်တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့်သူများအား Phase-6 ( ပထမ အကြိမ် )အဖြစ် ရဟန်းသံဃာတော်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းနှင့်ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက် ထိုးနှံသူ များကိုအပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်းဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့ဆောင့်ကြပ်ဆောင်ရွက်ပေးပြီးကိုဗစ် -၁၉ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျန်းမာရေးဝန်ထမ်းများမှပူးပေါင်းပြီး ပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှသိရသည်။
မြို့နယ်