ချောင်းသာ ဇန်နဝါရီ ၁၉
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် ကမ်းခြေသာယာ လှပစေရန်၊စျေးသည်များ စနစ် တကျ ရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုရှိစေရေး အတွက် မြို့ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယမန်နေ့ညနေ ၄ နာရီက ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ က ကွင်းဆင်းစစ်ဆေး အသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှူးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊မီးသတ်ဝန်ထမ်းများ ပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင်စျေးရောင်းချနေကြ သော စျေးသည်များအား စျေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင်စနစ်တကျ ခင်းကျင်း ရောင်းချ ရန်၊ စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့်ကမ်းခြေသို့ လာရောက်လည် ပတ် ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာနားနေအပမ်းဖြေနိုင်ရန်အတွက်တို့ ကို ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သန့်ရှင်းသာယာလှပသောကမ်းခြေဖြစ် စေရန်နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ လည်ပတ် နိုင်ရေးအတွက်ရည်ရွယ်၍ စဉ် ဆက်မပြတ် လှည့်လည်ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်ကျော်