မြောင်းမြ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒေါက်တာမြင့်သန်းထွန်းရေးသားသည့် “လူငယ်များနှင့်ဆေးရွက်ကြီးအန္တရာယ်” ဆောင်းပါး အသိပညာပေး Talk Show ကိုယမန်နေ့ နေ့လယ်(၂)နာရီကပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ဒေါ်စန္ဒာကြည်(ဦးစီးအရာရှိ)က“လူငယ်များနှင့်ဆေးရွက်ကြီးအန္တရာယ်” အကြောင်းအသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီးကို ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများတွင်ဖြစ်တတ်သော ရောဂါများနှင့်လူငယ် လူရွယ်များတွင် ဖြစ်တတ်သော ရောဂါများအကြောင်းကိုဖတ်ကြားပေးခဲ့သည်။ ၄င်းနောက် ဒေါ်ရည်မွန်ဆွေ(အကြီးတန်းစာရေး)ကလူငယ်နှင့်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုအခြေ အနေနှင့် ဆေးလိပ်သောက်ခြင်း၊အစားထိုးပစ္စည်းသုံးစွဲခြင်းကာကွယ်ရန်နည်းလမ်းများကိုလည်းကောင်း၊ ဒေါ်သက်ဝေနှင်း(ရုပ်သံကျွမ်းကျင်−၃)က ဆေးရွက်ကြီးကိုအသုံးပြုပြီး ထုတ်လုပ်သုံးစွဲသော ပစ္စည်းများနှင့်ဆေးလိပ်ဆေးရွက်ကြီးကြောင့်ဖြစ်ပွားနိုင်သောရောဂါများကိုဖတ်ကြားပေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက် Page တွင်ကလေးများအတွက် အသိပညဗဟုသုတရရှိစေသော ကဗျာရွတ်၊ ပုံပြော၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် Talk Show အပါအဝင်အသိပညာပေးအစီအစဉ်များကို ရိုက်ကူး ထုတ်လွှင့် ပေးလျက် ရှိကြောင်း သိရသည်။
စန္ဒာကြည်