လှိုင်းဘွဲ ဇန်နဝါရီလ ၁၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း/ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့က ကျိုက်မုရောစေတီတော်မုဒ်ဦး ပြန်လည်ပြုပြင်ရေးနှင့် စောင်းတန်းတည်ဆောက်ရေးအတွက် လုပ်အားပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်အားပေးဆောင်ရွက်ရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တပ်ရင်း/တပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးလှိုင်ထွေးနှင့် တပ်ဖွဲ့ဝင်တို့က ကျိုက်မုရောစေတီမုဒ်ဦး ပြန်လည်ပြုပြင်ရေးနှင့် စောင်းတန်းတည်ဆောက်ရေးအတွက် လိုအပ်သော ဘိလပ်မြေအိတ်များ၊ သဲနှင့်ကျောက်များကို စေတီတော်ရင်ပြင်အနီးထိ ပို့ဆောင်ခြင်းလုပ်ငန်းများအတွက် လုပ်အား ပေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)