ချောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယမန်နေ့ နေလယ် (၁)နာရီအချိန် က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ က ခေတ်နှင့်အညီမိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းတို့မှာ မဖြစ်မနေ တတ်သိနားလည်ထားရမှာ ဖြစ်သည့်အတွက် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယင်းနောက် ပြင်ပကျွမ်းကျင်ဓါတ်ပုံပညာရှင် နည်းပြဆရာ ဦးထိုက်အောင်နှင့် အဖွဲ့က မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဗီဒီယိုရိုက်ကူးရာတွင် ရှောင်ရန်/ဆောင်ရန်အချက်များ၊ ဗီဒီယိုတည်းဖြတ်နည်းများ၊ Effect အသုံးပြုနည်း ဗီဒီယိုတစ်ပုဒ်ရိုက်ကူးခြင်းနှင့် အသံသွင်းခြင်းများ ရုပ်/သံတည်းဖြတ်၍ အသံသွင်းထားသည့်ဗီဒီယိုအား Export ထုတ်နည်း၊ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးမှုရူထောင့်တို့အား လက်ဆင့်ကမ်းသင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း (၇)ဦး တက်ရောက်ခဲ့ရာ သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မိုး