ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရေကြည်    ဇန်နဝါရီ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်ကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေကြည်မြို့နယ် ဦးစီးမှူးဦးဇော်ဇော်ဝင်းနှင့် ဝန်ထမ်းများက ဝက်လာကျေးရွာ အုပ်စု၊ ဇရပ်လှကျေးရွာအုပ်စု၊ မြက်တိုကျေးရွာ အုပ်စု ရှိဘုန်းတော်ကြီးကျောင်းများနှင့်ဘုရားတန်ဆောင်းများ၌ပန်းခံစီမံချက်အရကွင်းဆင်းဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ဝတ်လာကျေးရွာအတွင်းရှိလူဦးရေ(၅၃)ဦး၊ဇရပ်လှကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ(၄၇)ဦး၊မြက်တိုကျေးရွာအုပ်စုအတွင်းရှိလူဦးရေ (၆၅) ဦးစုစု‌ပေါင်း (၁၆၅) ဦးအားနိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေး ခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးရှိသူများကို မိတ္တူ ပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ပြုလုပ်ပေး လျက်ရှိကြောင်းသိရသည်။

 မြို့နယ်