ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်းနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် ယမန်နေ့က ကျားထူးစမ်းကျေးရွာ အုပ်စု၊ သာယာကုန်းကျေးရွာသို့ရောက်ရှိ၍ ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မှ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကိုလည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇော်ဟိန်းမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအေးနိုင် က စိုက်ပျိုးရေးကဏ္ဏများနှင့် ပတ်သက်၍ လည်းကောင်း ကျေးရွာသူ/သားများနှင့် တွေ့ဆုံပွဲပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာသူကျေးရွာသားများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
နိုင်လင်း