ရေကြည်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရေကြည်   ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက Book Club အဖွဲ့များနှင့် ပူးပေါင်းကာ စာရေးဆရာရနံ့သိုက် ရေးသားထားသော"သင့်အနာဂတ်ကိုသင် ဖန်တီး ယူပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရေကြည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီ တာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးပြီး BookClubအဖွဲ့ဝင် ဒေါ်မှုံမှုံဝင်းက စာပေဖတ်ရှူခြင်းဖြင့် လူအနေမှုဘဝအဆင့်အတန်းမြင့်မားလာကြောင်း၊ လုံ့လရှိစွာ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများရရှိစေခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် မကောင်းသည့်စိတ်၊ အ တွေးအကြံတို့ မရှိဘဲ နှလုံးသားကို နူးညံ့လာစေကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသော  ကျောင်းသား၊ကျောင်းသူများ  နှင့်စာပေချစ်ပရိတ်သတ်များကအလှန်ဆွေးနွေးခဲ့ပြီးစာဖတ်ဝိုင်းကိုလည်း လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 မြို့နယ်