ဝါးခယ်မ ဇန်နဝါရီ ၁၉
ဧရာဝတီဝတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈နာရီကရွှေခယ်သီရိအားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရ ပြည်သူ (၄၀၀)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူ (၇၀၀)ဦး တို့အားကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီကာကွယ် ဆေးများစနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြပြီး ဆေးထိုးရန်ကျန် ရှိနေသောပြည်သူများအားဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စောသန္တာဦး