ကလိန်အောင် ဇန်နဝါရီ ၁၉
အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ် သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ သုတ/ရသ စာပေများကို ခွဲခြားသိရှိစေရန်နှင့် စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ သုတ/ရသ စာပေများကို စုံလင်စွာပြသပေးခဲ့ရာ အ-ထ-က၊ ကလိန်အောင် မှကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးမိုးခိုင်