လှိုင်းဘွဲ-ရှမ်းရွာသစ်သွား ကတ္တရာလမ်းမှ ထီးတပလူးထကျေးရွာချင်းဆက်လမ်း မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ် ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းမှ ထီးတပလူး ကျေးရွာချင်းဆက်မြေသားလမ်း (၂) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ (ဒုတိယပတ်) မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူး သွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားများစွာ ယခင်က ထက်တိုးတက်လာမည့်အပြင် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုး တိုးတက်မှု ကွာဟမှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲ လာမည်ဖြစ်သည်။

အဆိုပါ ထီးတပလူးထကျေးရွာချင်းဆက်လမ်း မြေသားလမ်း(၂)မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၆.၆၉၉) သန်းဖြင့် စိုးပါဝါနိုင် ကုမ္ပဏီမှ တာဝန်ယူ၍ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)