ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင် ဇန်နဝါရီ ၁၈

အနာဂတ် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ‌‌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ပြိုင်ပွဲပြုလုပ်‌ပေးရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က ၊ ကလိန်အောင်မှ ကျောင်းသား/ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို မြို့နယ်ဦးစီးမှူးက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်