ရှမ်းရွာသစ် ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန် အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး အိမ်အတွင်း၌သာနေထိုင်ကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန် ၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ် ပြာဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ သန့်ရှင်းလတ်ဆက်သော အစားအသောက်များကိုရွေးချယ်စားသုံးကြရန်၊ အစား အသောက်များကို ကျက်အောင်ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့် တပြေးညီ ထုတ်ပြန်သောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီးဆေးကုသမှုခံ ယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ် တောက်ရန်အတွက် မိဘပြည်သူများအားလုံးပူး ပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)