ကော့ကရိတ် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာဖတ်ပရိသတ်များ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယလေ့ကျင့်ခန်း Physical Fitness Dance သရုပ်ပြကပြခြင်းကို ယမန်နေ့ နံနက် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၊ လူထု အခြေပြုဗဟိုဌာန၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ဦးဆောင်သော အလက (ခွဲ) လှိုင်ဝကျောင်းမှ ကျောင်းသူလေးများက ပါဝင် သရုပ်ပြ ကပြခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက လာရောက်ကပြသည့် အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသရုပ်ပြ ကပြခြင်းကို ကော့ကရိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ရာ အဆိုပါ ကိုယ်ကာယလေ့ကျင့်ခန်းသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အားကစားနည်း တစ်မျိုးဖြစ်သည့်အတွက် မည်သူမဆိုလိုက်ပါကစားသင့်သော အားကစားနည်းတစ်မျိုးဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)