ပဲခူး ဇန်နဝါရီ ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာပေချစ်သူများ (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၁:၀၀) နာရီက စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက လူငယ်များ၏ ရွှေရောင်မနက်ဖြန်၊ ဦးစီးအရာရှိ ဒေါ်ချစ်ချစ်သန်းက ဘယ်သူအရင်စပြင်ကြမလဲ၊ Book Club အဖွဲ့ဝင်များဖြစ်သော ဒေါ်စန္ဒာအောင်က ပြောင်းလဲတိုးတက်သော ကိုယ်ရည်ကိုယ်သွေးများ၊ ဒေါ်တင်တင်လှက ကိုယ်ကအရင် စကောင်းလိုက်ပါ၊ ဒေါ်ဇာဇာမြင့်က ဘဝအဆင့်အတန်း မြှင့်တင်ကြပါစို့၊ ဒေါ်လွင်မာအေးက ဘဝဆိုတာ အရှုံးပေးဖို့မဟုတ်ဘူး ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်သူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး များကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)