အိမ်မဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲ နှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက ကျောင်းသား/သူ ကလေးသူငယ်များ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ လူအများရှေ့တွင် သွက်လက် ထက်မြတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲ နှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို အ.မ.က(မြို့မ-၁)ကျောင်းမှ ကျောင်းသား/သူ (၂၀)ကျော်က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိ သူများကို မြို့နယ်ပြန်/ဆက်ဦးစီးမှူးက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်