ရေဦးမြို့နယ်တွင် VDP စီမံကိန်းလုပ်ငန်းဖြစ်သော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်

ရေဦး ဇန်နဝါရီ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ၀န်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) လုပ်ငန်းဖြစ်သည့် ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီ ဒုတိယပတ်က ပြန်လည်စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်သည်။

ကွန်ကရစ်လမ်းအရှည် ၁၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု လက်မရှိလမ်းကို ကျေးရွာဖွံဖြိုးတိုးတက်ရေး (VDP)စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀  ရေဦးကုန်းကျေးရွာ ဒေသခံပြည်သူ ထည့်၀င်ငွေကျပ် ၉၄၃၁၀၀၀ (ကိုးဆယ့်လေးသိန်းသုံးသောင်းတစ်ထောင်ကျပ်)ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထိုက်