ညောင်လေးပင် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာနလေးခုမှ အတွင်းဖြေဆိုသူ (၁၀၄၅ )ဦးနှင့် ပြင်ပဖြေဆိုသူ (၃၆၇ )ဦး စုစုပေါင်း (၁၄၁၂)ဦးက ဇန်နဝါရီလ ၅ ရက်အထိ ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(နေပြည်တော်)မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဝင်ခွင့်လျှောက်ထားခြင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ ရက်တိုးပြင်ဆင်သတ်မှတ်ချက်အရ ညောင်လေးပင်မြို့နယ် ၊အထက( ၁ ) ညောင်လေးပငစာစစ်ဌာန၌ အတွင်းဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၄၁၇) ဦး၊ ပြင်ပဖြေဆိုသူ ကျောင်း သား၊ ကျောင်းသူ(၂၁၄) ဦး၊ စုစုပေါင်း(၆၃၁) ဦး၊အထက(၂)ပြွန်တန်ဆာစာစစ်ဌာနတွင် အတွင်းဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၂၅၀)ဦး၊အပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၈၃)ဦး၊စုစုပေါင်း(၃၃၃)ဦး၊ အထက မဒေါက်စာစစ် ဌာနတွင်အတွင်း ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၆၂)ဦး၊ အပြင်ဖြေဆိုသူ ကျောင်းသားကျောင်းသူ(၂၄)ဦး ၊စုစုပေါင်း(၈၆)ဦး၊ အထက ပိန်းဇလုပ်စာစစ်ဌာနတွင် အတွင်းဖြေဆိုရန် ကျောင်းသား၊ကျောင်းသူ (၃၁၆)ဦးအပြင် ဖြေဆိုသူကျောင်းသား၊ကျောင်းသူ (၄၆)ဦး၊စုစုပေါင်း(၃၆၂)ဦး ရှိ ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
သို့ဖြစ်ပါ၍ ညောင်လေးပင်မြို့နယ်၏ ၂၀၂၂ခု နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနလေးခုမှာ အထက (၁)ညောင်လေးပင်စာစစ်ဌာန၊အထက(၂)ပြွန်တန်ဆာစာစစ်ဌာန၊အထကပိန်းဇလုပ်စာစစ်ဌာနနှင့်အထကမဒေါက်စာစစ်ဌာနတို့ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)