လက်ပံတန်းမြို့နယ်တွင်အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

လက်ပံတန်း ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်အေးအေးသန်းနှင့် ဝန်ထမ်းများက အဘိုး၊ အဘွားများ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၁)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် အဘိုးအဘွား(၁၀၉၉)ဦးအတွက် စုစုပေါင်း (၃၂၉၇၀၀၀၀) ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။

မြို့နယ် (ပြန်/ဆက်)