ပိုင်ကျုံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ရေပူကြီးကျေးရွာအုပ်စု အ.လ.က(ခွဲ) ရေပူကြီးကျောင်းလမ်းအား ကွန်ကရစ်ခ င်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၅၀) ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက် ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် (၅၀၀ပေx၁၆ပေx၆လက်မ) ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှောချရေး ရန်ပုံငွေ (၄.၉) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးပါက ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွားရေးလာရေး အတွက် အဆင်ပြေ လွယ်ကူလာမည် ဖြစ်ကြောင်း သိရှိရပါသည်။
ပိုင်ကျုံ (ပြန်/ဆက်)